2020-02-22 11:02:46 , ဒီတစ်ခေါက် ပြောချင်တဲ့အကြောင်း…

ဒီတစ်ခေါက် ပြောချင်တဲ့အကြောင်းအရာလေးကတော့ စာတွေနဲ့လက်တွေ့ကွာဟနေမှုလေးတွေအကြောင်း Share ချင်ပါတယ်။
လက်ရှိ မျောက်မှောက်ခေတ်ဟာဆိုရင် IT နည်းပညာတွေနဲ့.ခေတ်မီလာတဲ့အတွက် ဘာသာရပ်ပေါင်းများစွာကိုလဲ လေ့လာခွင့်နေပါပြီ။ သို့ပေမယ့် တော်တော်များများက စာတွေ့တွေ့မှာထူးချွန်ကြပြီး လက်တွေ့တွေမှာ အားနည်းနေတာက်ို အတွေ့များပါတယ်။
ပြီးခဲ့တဲ့ကာလ တစ်ခုက Bussiness တစ်ခုမှာ Accountant (စာရင်းကိုင်ဘွဲ့ရ)တစ်ဦးက လုပ်ငန်းထဲမှာ လွန်ခဲ့တဲ့ တစ်လ ကျော်က #အကြွေးဝယ်ထားတဲ့ ကုန်ပစ္စည်းတွေကို ဝယ်တဲ့နေ့မှာပဲ Purchase စာရင်းသွင်းထားခြင်းမရှိပဲ Supplier ကိုငွေချေတော့မှ စာရင်းလာသွင်းပြထားတာတွေ့ရပါတယ်။ စာရင်းရေးအစီအစဥ်ကတော့ မှန်ပါတယ်။ သို့ပေမယ့် Accounting Theory အရ #စာရင်းလုပ်ထုံးလုပ်နည်းတော့မမှန်ပါဘူး

ဒီအကြောင်းအရာလေးကိုကြည့်လိုက်တဲ့အခါ #စာရင်းမှာအခြေခံဖြစ်တဲ့ #Cash_Basis ငွေဝင်ငွေထွက်ရင် ဘယ်စာရင်းမှာသွင်းရမယ်ဆိုတာသိပေမယ့်၊ ကုန်ဝယ်ရင် သို့ ကုန်ရောင်းရင် #ဘယ်စာရွက်စာတမ်းဘယ်အထောက်အထားတွေ လက်ခံစစ်ဆေးပြီး၊ ဘယ်နေရာစာရင်းသွင်းရမလဲဆိုတဲ့ စာရင်းလုပ်ထုံးကို သေချာနားမလည်ကြသေးလို့ပါပဲ။

တော်တော်များများက စာတွေမှာ ထူးချွန်လာကြပါတယ်။ လက်မှတ်တွေရှိမှ အလုပ်ရှင်တွေကလဲ ခေါ်မှာမို့ Exam အောင်မြင်ရေးကိုသာ အားစိုက်လာကြပြီး လက်တွေ့ကို လုပ်ငန်းခွင်ရောက်မှာ ကြည့်လုပ်ကြတာပေါ့ဆိုတဲ့အတွေးတွေဝင်လာကြပါတယ်။ ဒါလဲ အမှန်တရားထဲက တစ်ခုပဲဖြစ်တာပါပဲ။ လက်တွေ့မှာ ဖြစ်နေတာကိုး။

#စာရင်းပညာရပ်ကဘယ်လုပ်ငန်းမျိုးမှာမဆိုအသုံးဝင်ပြီးလုပ်ငန်းတစ်ခုလုံးရဲ့အရေးကြီးတဲ့ဌာနတစ်ခုဖြစ်နေပါတယ်။
ဒီလိုအရေးကြီးတဲ့ ဌာနမှာ လုပ်ချင်တဲ့သူတွေအနေနဲ့စာတွေ့ကြီးပဲသက်သက်လုပ်နေတာထပ် လက်တွေ့မှာ #ဘယ်ဌာနကဘာတွေလုပ်နေတာလဲ#ဘယ်ဌာနတွေကဘယ်စာရင်းတွေလုပ်ပြီး Fiance Depကို ဘယ်စာရင်းစာရွက်တွေတင်ရလဲဆိုတာ သိထားသင့်ပါတယ်။စာတွေပဲသိပြီးလက်တွေ့မှာ အတွေ့အကြုံနည်းနေသူများအတွက်👇👇👇👇👇👇👇👇👇👇👇

လက်တွေ့စာရင်းတွေကို သင်ကြားပေးနေတဲ့ ကျွန်မတို့ #Sharing_Accountancy_Training_Centerမှာ စာရင်းပညာဘာသာရပ်တွေကို #Accounting_Concept မိအောင်ထိထိသင်ကြားပေးပါတယ်။

သင်ကြားမယ့်ဘာသာရပ်တွေကိုအောက်ပါ #Link မှာ ကြည့်ရှူနိူင်ပါသည်။
👇👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/groups/924738151252400/permalink/1093346387724908/

#စာရင်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အခါအခွင့်သင့်သလို #Sharing လုပ်နေတဲ့အတွက်ကြောင့် page လေးတွေကို Like and See first လေးလုပ်ထားပြီး စာရင်းပညာရပ်များကိုလေ့လာနိုင်ပါပြီ။

#ထူးချွန်ပြီးအရည်အချင်းရှိသောစာရင်းပညာရှင်များဖြစ်ကြပါစေ

#Sharing_Accountancy_Training_Center
#09-974540895,09-699810930

Source

Leave a Reply

Your email address will not be published. Required fields are marked *