Monthly Archives: February 2020

2020-02-22 11:02:46 , ဒီတစ်ခေါက် ပြောချင်တဲ့အကြောင်း…

ဒီတစ်ခေါက် ပြောချင်တဲ့အကြောင်းအရာလေးကတော့ စာတွေနဲ့လက်တွေ့ကွာဟနေမှုလေးတွေအကြောင်း Share ချင်ပါတယ်။
လက်ရှိ မျောက်မှောက်ခေတ်ဟာဆိုရင် IT နည်းပညာတွေနဲ့.ခေတ်မီလာတဲ့အတွက် ဘာသာရပ်ပေါင်းများစွာကိုလဲ လေ့လာခွင့်နေပါပြီ။ သို့ပေမယ့် တော်တော်များများက စာတွေ့တွေ့မှာထူးချွန်ကြပြီး လက်တွေ့တွေမှာ အားနည်းနေတာက်ို အတွေ့များပါတယ်။
ပြီးခဲ့တဲ့ကာလ တစ်ခုက Bussiness တစ်ခုမှာ Accountant (စာရင်းကိုင်ဘွဲ့ရ)တစ်ဦးက လုပ်ငန်းထဲမှာ လွန်ခဲ့တဲ့ တစ်လ ကျော်က #အကြွေးဝယ်ထားတဲ့ ကုန်ပစ္စည်းတွေကို ဝယ်တဲ့နေ့မှာပဲ Purchase စာရင်းသွင်းထားခြင်းမရှိပဲ Supplier ကိုငွေချေတော့မှ စာရင်းလာသွင်းပြထားတာတွေ့ရပါတယ်။ စာရင်းရေးအစီအစဥ်ကတော့ မှန်ပါတယ်။ သို့ပေမယ့် Accounting Theory အရ #စာရင်းလုပ်ထုံးလုပ်နည်းတော့မမှန်ပါဘူး

ဒီအကြောင်းအရာလေးကိုကြည့်လိုက်တဲ့အခါ #စာရင်းမှာအခြေခံဖြစ်တဲ့ #Cash_Basis ငွေဝင်ငွေထွက်ရင် ဘယ်စာရင်းမှာသွင်းရမယ်ဆိုတာသိပေမယ့်၊ ကုန်ဝယ်ရင် သို့ ကုန်ရောင်းရင် #ဘယ်စာရွက်စာတမ်းဘယ်အထောက်အထားတွေ လက်ခံစစ်ဆေးပြီး၊ ဘယ်နေရာစာရင်းသွင်းရမလဲဆိုတဲ့ စာရင်းလုပ်ထုံးကို သေချာနားမလည်ကြသေးလို့ပါပဲ။

တော်တော်များများက စာတွေမှာ ထူးချွန်လာကြပါတယ်။ လက်မှတ်တွေရှိမှ အလုပ်ရှင်တွေကလဲ ခေါ်မှာမို့ Exam အောင်မြင်ရေးကိုသာ အားစိုက်လာကြပြီး လက်တွေ့ကို လုပ်ငန်းခွင်ရောက်မှာ ကြည့်လုပ်ကြတာပေါ့ဆိုတဲ့အတွေးတွေဝင်လာကြပါတယ်။ ဒါလဲ အမှန်တရားထဲက တစ်ခုပဲဖြစ်တာပါပဲ။ လက်တွေ့မှာ ဖြစ်နေတာကိုး။

#စာရင်းပညာရပ်ကဘယ်လုပ်ငန်းမျိုးမှာမဆိုအသုံးဝင်ပြီးလုပ်ငန်းတစ်ခုလုံးရဲ့အရေးကြီးတဲ့ဌာနတစ်ခုဖြစ်နေပါတယ်။
ဒီလိုအရေးကြီးတဲ့ ဌာနမှာ လုပ်ချင်တဲ့သူတွေအနေနဲ့စာတွေ့ကြီးပဲသက်သက်လုပ်နေတာထပ် လက်တွေ့မှာ #ဘယ်ဌာနကဘာတွေလုပ်နေတာလဲ#ဘယ်ဌာနတွေကဘယ်စာရင်းတွေလုပ်ပြီး Fiance Depကို ဘယ်စာရင်းစာရွက်တွေတင်ရလဲဆိုတာ သိထားသင့်ပါတယ်။စာတွေပဲသိပြီးလက်တွေ့မှာ အတွေ့အကြုံနည်းနေသူများအတွက်👇👇👇👇👇👇👇👇👇👇👇

လက်တွေ့စာရင်းတွေကို သင်ကြားပေးနေတဲ့ ကျွန်မတို့ #Sharing_Accountancy_Training_Centerမှာ စာရင်းပညာဘာသာရပ်တွေကို #Accounting_Concept မိအောင်ထိထိသင်ကြားပေးပါတယ်။

သင်ကြားမယ့်ဘာသာရပ်တွေကိုအောက်ပါ #Link မှာ ကြည့်ရှူနိူင်ပါသည်။
👇👇👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/groups/924738151252400/permalink/1093346387724908/

#စာရင်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အခါအခွင့်သင့်သလို #Sharing လုပ်နေတဲ့အတွက်ကြောင့် page လေးတွေကို Like and See first လေးလုပ်ထားပြီး စာရင်းပညာရပ်များကိုလေ့လာနိုင်ပါပြီ။

#ထူးချွန်ပြီးအရည်အချင်းရှိသောစာရင်းပညာရှင်များဖြစ်ကြပါစေ

#Sharing_Accountancy_Training_Center
#09-974540895,09-699810930

Source

2020-02-18 13:39:26 , #Accounting အပိုင်းနဲ့ အင်တာဗျ…

#Accounting အပိုင်းနဲ့ အင်တာဗျူးသွားဖြေကြမယ့် သူလေးတွေအတွက်
======================================
တီချယ်ရေ သမီးတော့ မနက်ဖြန် Jr Accountant နဲ့ အင်တာဗျူး သွားဖြေရမှာ ဘာတွေလေ့လာသွားရမလဲလို့ လာမေးကြလို့ ဒီတစ်ခါတော့ ကိုယ်အင်တာဗျူးသွားဖြေရင် လုပ်လေ့ရှိတဲ့အရာလေးတွေကို Sharing လုပ်ပေးလိုက်ပါတယ်နော်။

ပထမဦးဆုံးပြောချင်တာ ကိုယ်ဘာအတွက်ကြောင့်အလုပ်လုပ်ချင်တာလဲဆိုတာ သိဖို့ပါ။ ဟောအဲ့လိုပြောလိုက်လို့ " အော် အလုပ်လုပ်မှတော့ ပိုက်ဆံလိုချင်လို့ပြောချင်ပါပေါ့နော်"

ဆိုလိုတာက…….

1. ပိုက်ဆံ လိုချင်တာလား? လစာများရင်ပြီးကောလား? ဘာပဲလုပ်ရရ လုပ်မယ့်ဆိုတာမျိုးပေါ့

2. ပိုက်ဆံတော့လိုချင်တယ် ဒါပေမယ့် အဓိက ပညာရဖို့အတွက်ပဲဆိုတာမျိုးကိုပြောတာပါ။

OK ကိုက ပညာကိုအဓိက လိုချင်ရင်တော့ ကိုယ်လျောက်တော့မယ့်အလုပ်က အခုမှလုပ်ငန်းစတာမျိုး (သို့) အခုမှ စာရင်းတွေကို သေချာ စီစစ်ရတော့မယ့် လုပ်ငန်းမျိုးကို ရွေးချယ်သင့်ပါတယ်။ တာဝန်ယူဖို့အပိုင်းတွေများလာမယ် တာဝန်ခံမှုတွေကော အကုန်လုပ်ရမယ့် Business မျိုးကို လက်ခံလိုက်ပြီး အလုပ်ဝင်ကြည့်ဖို့ပါပဲ။

#ကဲဟုတ်ပြီ အစပျိုးပြီးပြီဆိုတော့ အဓ်ိက ပြောချင်တာက
#အင်တာဗျူးမဝင်ခင်လေ့လာရမည့်အချက်လေးတွေကိုမျှဝေပါ့မယ်

1.မိမိကိုအင်တာဗျူးစခေါ်ရင် အရင်ဆုံး ဘာလုပ်ငန်းလဲဆိုတာ စမေးပါ။
ဥပမာ- လုပ်ငန်းက Hospital ဖြစ်နေတယ်ဆိုပါဆို။ ဒါကို ကိုသိသွားတာက Hospital နဲ့ပတ်သပ်ပြီး သူရဲ့ Operation လည်ပတ်ပုံကို အကျဉ်းချုပ် စဥ်းစားလို့ရသွားမယ်။

2. မိမိလုပ်ရမယ့်တာဝန်တွေက ဘာဖြစ်နိုင်မလဲ စဥ်းစားရပါမယ်။

ဟူတ်ပြီ စောစောက လုပ်ငန်းက Hospitalမှန်းသိသွားရင် ကိုယ့်လျောက်တဲ့အပိုင်းနဲ့ပတ်သက်ပြီး Responsibility တွေကိုလဲ ဘာလုပ်ရနိုင်မလဲဆိုတာ တွေးမိလာပါလိမ့်မယ်။
#ဥပမာ-လူနာအဝင်အထွက် စာရင်းမှတ်ပေးရတာမျိုး (သို့) နိုင်ငံခြားက ဆေးဝါးတင်သွင်းလာတဲ့ဆေး Inventory တွေ ကိုlist လုပ်ပေးရတာမျိုး စသည့် စာရင်းပိုင်းဆက်သွယ်တာမျိုးတွေ တွေးမိဖို့လိုအပ်ပါတယ်။

3. အဲ့ (2)ချက်ထဲနဲ့တင် မိမိ မျော်မှန်းလစာ ဘယ်လောက်တောင်းသင့်တယ်ဆိုတာလဲ စဥ်းစားတက်သွားပါလိမ့်မယ်။

4.အင်တာဗျူး သွားဖြေတဲ့အခါ သပ်သပ်ရပ်ရပ် ဝတ်သွားပါ အထူးသဖြင့် ခေါင်းလျော်သွားပါ၊ လက်သည်းညှပ်သွားပါ။ #လူမှာအဝတ်တောင်းမှာအကွပ်ဆိုတဲ့အတိုင်း အဝတ်အစားကို သက်သက်ရပ်ရပ် ဝတ်ဆင်ခြင်းက မိမိကိုယ့်ကို ယုံကြည်စိတ်ရှိစေပါတယ်။

5.အလုပ်ကို သေချာစဥ်းစားပါ အလုပ်နဲ့ဝေးလား.၊ နီးလားက အစ၊ ရေရှည်လုပ်နိုင်မယ် မလုပ်နိုင်ဘူးက အစ စဥ်းစားပြီးမှ လက်မခံပါ။.လစာတွေက တော့အများကြီးရနေလေရဲ့ အလုပ်ဆင်းရတာ အရမ်းဝေးလွန်းနေရင် ရေရှည်အဆင်မပြေနိုင်ပါဘူး ဒါကြောင့် ဒီအချက်ကိုပါထည့်စဥ်းစားပေးရပါမယ်။

ကဲ ဒီလောက်ဆိုရင်တော့ အလုပ်လျောက်ခါနီး အင်တာဗျူးမသွင်းခင် ပြင်ဆင်သင့်တာလေးတွေကို #ယေဘုယျအားဖြင့် ပြောပြသွားတာပါနော်။
ကျန်တဲ့အပိုငိးက #မိမိရဲ့ခံယူချက်#ဆုံးဖြတ်ချက်တွေနဲ့ပဲဆိုင်ပါတယ်

အားလုံးပဲ မိမိဘဝလမ်းမှာ အခက်အခဲများကို တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း အောင်မြင်အောင်လျောက်လှမ်းနိုင်ပါစေ။

#Job_Training_For_Senior_Accountant နှင့် #LCCI အတန်းများစုံစမ်းလိုပါက👇👇👇👇👇👇

https://www.facebook.com/groups/924738151252400/permalink/1093346387724908/

#Sharing_Accountancy_Training_Center
09-974540895,09-699810930

Source

2020-02-12 14:23:47 , 2020 Internship Training …

💎 2020 Internship Training 💎
*********************************
…Internship ဆင်းဖို့ အခက်အခဲဖြစ်နေပြီလား
…သင်တန်းမှာ Intern ဆင်းလိုက်ရင် လုပ်ငန်းခွင် အတွေ့အကြုံတွေရ ပါ့မလား
…ကျောင်း intern project ရောပြီးအောင် ရေးနိုင်ပါ့မလား
…လုပ်ငန်းခွင် ဝင်နိုင်တဲ့ အထိရော တတ်မြောက်ပါ့မလား
…အခြေခံကစ သင်ပေးပါ့မလား

" ကျောင်းပြီးသွားတဲ့အချိန်မှာ မိမိ Major နဲ့ဆိုင်တဲ့ Developer အလုပ်ကို လုပ်ချင်ပေမဲ့ အဆက်အသွယ်မရှိဖြစ်နေတတ်ကြသလို သင်တန်းတက်ရင်ကောင်းမလား အိမ်ပဲပြန်ရတော့မလားလို့လဲ ခေါင်းရှုပ်တတ်ကြပါတယ်"

Intern ဆင်းရမဲ့အချိန်မှာ သင်တန်းမှ Internship Training ကိုတက်ရောက်လိုက်မယ်ဆိုရင် လုပ်ငန်းအတွေ့အကြုံတွေလဲရ ကျောင်းပြီးသွားရင်လဲ သင်တန်းထပ်တက်စရာမလိုပဲ အလုပ်အကိုင်ရှာဖွေနိုင်မှာပါ။

Best & Bright Institute မှာ Programming language ရဲ့ Basic မှစသင်ကြားပေးတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံကစ သိရှိနားလည်သွားမှာဖြစ်ပြီး Group project တွေပါလုပ်ရမှာဖြစ်တဲ့အတွက် Presentation skill, လုပ်ငန်းခွင်မှာ အလိုအပ်ဆုံးဖြစ်တဲ့ teamwork skill, communication skill တွေကို ကောင်းမွန်စေသလို knowledge sharing လုပ်ခြင်းအားဖြင့် မိမိရဲ့ အတွေးအခေါ်ကိုပါ တိုးတက်စေမှာပါ။

Group project ရေးသားချိန်တွင် မိမိအတွေးအခေါ်များနှင့် မိမိကိုယ်တိုင်ရေးသားရမည်ဖြစ်သည့်အပြင် လုပ်ငန်းခွင် အတွေ့အကြုံ 6နှစ်7နှစ် ရှိ ဆရာများက guide line လုပ်ပေးတာကြောင့် လုပ်ငန်းခွင်မှာ အလုပ်လုပ်ရသလိုပဲ လုပ်ငန်းအတွေ့ အကြုံရမှာဖြစ်ပြီး မိမိကိုယ်ကိုလည်း ယုံကြည်မှုတွေရှိလာစေမှာပါ။

မိမိကိုယ်ပိုင်အတွေးအခေါ်များနှင့် project ကိုပြီးဆုံးအောင်ရေးသားရမည်ဖြစ်သောကြောင့် ခက်ခဲပင်ပန်းပေမဲ့ လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ချိန်တွင် အထောက်အကူဖြစ်စေရုံသာမက interview ဖြေဆိုချိန်တွင်လည်း ယုံကြည်မှုအပြည့်နှင့် ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

Intern ပြီးသွားချိန် မိမိရဲ့ Skill ယုံကြည်မှုကို ထပ်ပြီးတိုးမြင့်လို၍ Personal Project ရေးလိုပါကလည်း သင်တန်းတွင် အခမဲ့ လာရောက်ရေးနိုင်ပြီး ဆရာများဆီမှ အကြံဉာဏ်ကောင်းများရယူနိုင်ပါတယ်။

တိုးတက်မှုမရှိပဲ ပြန်သွားရတယ်ဆိုတာမျိုး မဖြစ်ရလေအောင် လူဦးရေ အကန့်အသတ်နဲ့သာ လက်ခံတာဖြစ်ပြီး ဆရာများမှ အနီးကပ် သင်ကြားပို့ချပေးတာဖြစ်ပါတယ်။

သင်တန်းချိန်မှာ တစ်ပတ်ကို (၅) ရက် Mon to Fri တက်ရမှာဖြစ်သည့်အပြင် မနက် 9:00 AM မှ ညနေ 5:00 PM ထိတက်ရမှာဖြစ်တဲ့အတွက် လေ့လာသင်ယူချိန် အမျာကြီးရပါတယ်။

နေထိုင်ရန် အခက်အခဲရှိသူများအတွက်လည်း သင်တန်းမှ နေစရာ ရှာပေးပါတယ်။

ဒါ့အပြင် သင်တန်းမှလဲ အခမဲ့ Interview များနှင့် ချိတ်ဆက်ပေးဦးမှာဖြစ်ပါတယ်။

ကျောင်းသား/ကျောင်းသူများနှင့် မိဘများအဆင်ပြေစေရန် သင်တန်းကြေးကို အရစ်ကျ ပေးချေနိုင်အောင် စီစဉ်ပေးထားပါတယ်။

အောက်ပါ Courses များမှ မိမိကြိုက်နှစ်သက်ရာ Course ကိုရွေးချယ်၍ တက်ရောက်နိုင်ပါတယ်

💥Java Spring Web Development Course

💥Asp.Net Core Web Development Course

💥Android Application Development Course

💥 PHP Web Development Course

🗓သင်တန်းချိန်
📋Day – Mon to Fri
Time – 9:00 AM – 5:00 PM
Duration – 3 Months
🗓Fee – 300,000 ks
🗓Start Date – May – 2020

🔹Internship လျောက်ထားလိုပါက အောက်ပါ Link တွင် စာရင်းပေးသွင်းနိုင်ပါတယ်
👇👇👇

http://bit.ly/2Ty9GFq

💥လူဦးရေ ကန့်သတ်ထားပါသဖြင့် 10% စရံ ကြိုသွင်းခြင်းဖြင့် confirm ယူပါမည်။

🏡သင်တန်းလိပ်စာကတော့🏡
=======================
အမှတ် (၁၅၂)၊ ၄ လွှာ ၊ဗဟိုလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ ။ (ဆိုက်ကားဂိတ်မှတ်တိုင် အနီး)

သင်တန်းတွေနဲ့ ပါတ်သက်ပြီးအသေးစိတ်သိရှိလိုပါက

ဖုန်းနံပါတ်. 09 959512838 ,09 762424229 သို့

ဆက်သွယ်မေးမြန်းနိုင်ပါတယ်။




Source

2020-02-10 21:40:57 , ကဲ ဒီတစ်ခေါက်မှာတော့ Petty Cas…

ကဲ ဒီတစ်ခေါက်မှာတော့ Petty Cash Book အကြောင်းလေးပြောချင်ပါတယ်နော်
လုပ်ငန်းတစ်ခုမှာ အဓိက လိုချင်ကြတာက လုပ်ငန်းဝင်ငွေတွေတိုးဖို့နဲ့ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့ အမြတ်ရဖို့အတွက်ပဲဖြစ်ပါတယ်။ ဒီလိုတွေ အမြတ်ရဖို့ လုပ်ငန်းဆက်လက်ရပ်တည်နိုင်ဖို့ဆိုတာ လုပ်ငန်းမှာ ဝင်ငွေတွေရဖို့ကြီးပဲကြည့်နေလို့မရပါဘူး။ လုပ်ငန်းမှာ ဝင်ငွေ Income တွေအပြင် ထွက်ငွေ Expense တွေပါရှိတာမို့ Expensesတွေကိုလဲ ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။
လုပ်ငန်းမှာ ဝင်ငွေတွေသာ ဝင်နေတယ် လကုန်ရန်အမြတ်က ရမလားဘူးလို့ ညီးနေကြတဲ့ လုပ်ငန်းရှင်တွေကိုလဲ မြင်နေရပါတယ်။ ဒါက ဘာကြောင်လဲဆိုတော့ လုပ်ငန်းရဲ့ထွက်ငွေတွေဖြစ်တဲ့ expense တွေကို သေချာစာရင်းမပြုစုထားလို့ပါပဲ။ ကဲဟုတ်ပြီ ဒါဆို အဲ့ expense တွေကို ထိန်းသိမ်းဖို့က Petty cash bookကို အသုံးပြုပြီး ထိန်းသိမ်းလို့ ရပါတယ်။

#Petty_Cash ဆိုတာက ဘာလဲ.??
Petty cash ဆိုတာကတော့ လုပ်ငန်း၏ အသေးသုံးငွေစာရင်းကိုပြောတာပါ။ Petty cash Bookသည် imprest System ကို အသုံးပြုသည့်ပုံစံဖြစ်သည်။. သုံးပြီးသမျှ expenseတွေ ကို ပြေစာ vounchers များ တင်ပြ၍ ငွေပြန်ဖြည့်သောစနစ်ဖြစ်သည်။

1.Petty cash ထုတ်ယူငွေ ကို Main Cash book မှာ စာရင်းမှတ်ထားရမည်။ တစ်ရက်တစ်ခါ သို့ တစ်လ တစ်ခါ cash Bookနှင့်စာရင်းတိုက်ပေးရမယ်။

2. Petty cash ထဲမှာ သုံးထားသော သုံးစရိတ်များကို Vr. များဖြင့်သာ တိုက်ဆိုင်စစ်ဆေး၍ ရေးမှတ်ထားရမယ်။

3.payment Vr.(အသုံးစာရိတ် vr .)များကို စနစ်တကိ ခေါင်းစဥ်ခွဲထားပြီး General.Ledger သို့ စာရင်းရေးသွင်းပေးရမည် ဖြစ်သည်။

#Petty_Cashထုတ်ပေးရမယ့်သူတွေက paymentsတွေ ပေးချေတဲ့အခါ လုပ်ငန်းအတွက် အသေးသုံး သုံးထားတာဟုတ်မဟုတ် သေချာစစ်ဆေးပေးရမဉ်။ သို့ Advance စာရင်းများဆိုရင်လဲ Journal စာရင်းများဖြင့် ပြန်လည် စာရင်းချေပေးရမည်ဖြစ်သည်။

ကဲ ဒီလောက်ဆိုရင် petty cash Book စာရင်းကိုင်ရမယ့် Accountant လေးတွေနဲ့ Cashier လေးတွေ Petty cash စာရင်းလုပ်ဖို့အတွက် ဘာတွေလုပ်ရမယ်ဆိုတာ သိသွားလောက်ပြီထင်ပါတယ်။

နောက်ထပ်လဲ Knowledge Sharing လုပ်ပေးပါအုန်းမည်။

#Job_Training_For_Senior_Accountant စုံစမ်းရန်
👇👇👇👇👇👇👇👇👇👇👇
https://www.facebook.com/groups/924738151252400/permalink/1073303769729170/

Source